Ubuntu Update Day 1-Aug-2010 / FREE vs OPEN Topic

July 27th, 2010

Ubuntu Update Day is style of BarCamp free seminar and free talk.
you can come without register, without Invitational Letter.
You can install Offline Update, ISO CD/DVD, Ubuntu 10.04 software Install Repo Lan Server.
How to Use Ubuntu. Beginner to Own Distro.

FREE vs OPEN TOPIC

Free Software vs Open Source is same Definition or Difference.

1-Aug-2010 Sunday
(10:30 – 1:00) (2:00-3:30)
Location Wifi-FreeZone
BAK Shopping Mall (Computer Mark)
Olympic Tower
Bo Aung Kyaw Road.

http://ubuntu4mm.org

http://knowledgebridge.net

Google မှ၎င်းဝန်ထမ်းများအား Windows အစား Linux ကိုပြောင်းသုံးရန်ပြောဆို

July 6th, 2010

linux-google2

Google က ၎င်းရဲ့ကွန်ရက်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာ တိုက်ခိုက်ခြင်းခံခဲ့ရသောကြောင့် ၎င်းတိုက်ခိုက်ခံမှု၏ ရင်းမြစ်ဖြစ်သော Microsoft ၏ Windows OS စနစ်ကို ဆက်လက်သုံးစွဲရန် စဉ်းစားနေသည်ဟုသိရသည်။

Financial Times ၏ တင်ပြချက်အရ Google မှ လုပ်သားအသစ်များကို Windows PC တွေအစား Mac သို့မဟုတ် Linux အသုံးပြုထားသော ကွန်ပျူတာများကိုသုံးစွဲရန် ပြောကြားသည်ဟု သိရသည်။

၎င်း OS နှစ်ခုထဲမှ တစ်ခုအား ရွေးချယ်သုံးစွဲရန် ပေးအပ်ခဲ့သောကိစ္စများ Windows နှင့် Internet Explorer 6 ၏ ချို့ယွင်းချက်ကိုအသုံးပြုကာ ၎င်းတို့၏ ဥာဏမူပိုင်ခွင့်ကို ချိုးဖောက်မှု ကြုံခဲ့ရသောကြောင့်ဖြစ်သည်ဟု Financial Times မှဆိုသည်။ Google မှ အချို့သောလုပ်သားများသည် Windows OS အသုံးပြုထားသော ကွန်ပျူတာကို အသုံးပြုနေဆဲဖြစ်သော်လည်း ၎င်းတို့မှာ အထူးခွင့်ပြုချက်ရရှိထားသူများဖြစ်ကြောင်း Financial Times ၏ တင်ပြမှုအရသိရသည်။ ယခုနှစ်အကုန်ပိုင်းလောက်၌ Google မှ ၎င်းတို့၏လုပ်သားများကို Chrome OS စနစ်ကို သုံးစွဲနိုင်ရန် စီမံထားကြောင်း Google ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Eric Schmidt မှ ဧပြီလ၌ပြုလုပ်ခဲ့သော Google ဆွေးနွေးပွဲ၌ပြောဆိုခဲ့သည်။ Browser အခြေပြု Operating System မှာ လုံခြုံစိတ်ချမှုရှိသော နောက်ထပ်ရွေးချယ်စရာ OS တစ်ခုဟုဆိုသည်။ “Mac OS X ၌ လုံခြုံရေးဆိုင်ရာ ပြဿနာရှိနေတာပါ။ ဈေးနှုန်းကလည်း အတော်များပါတယ်။ Linux ကတော့ လုံခြုံရေးဆိုင်ရာပြဿနာမှာ Windows ထက်ရော Mac OS X ထက်ရော ပိုမိုလုံခြုံပါတယ်” ဟု Google ၏ အမှုဆောင်အရာရှိချုပ်မှပြောဆိုခဲ့ကြောင်း သိရသည်။

MYANMAR KNOWLEDGE GATEWAY – http://www.mmgate.co.cc မှတစ်ဆင့် ပြန်လည် ကူးယူဖော်ပြသည်။
Posted by mgmgpyaephyo

Can’t install Zawgyi font on Ubuntu?

April 19th, 2010

Gtalk မှ သူငယ်ချင်း မောင်မောင်ပြည့်ဖြိုး က မေးလာပါတယ်။ Ubuntu 10.04  ပေါ်မှာ ဇော်ဂျီဖွန့် သွင်းလို့ မရဖြစ်နေပါတယ်တဲ့။

နောက် Terminal က ဖွန့် Install လုပ်နေတဲ့ ပုံကိုလည်း Screen Shoot ဖတ်ပြီး တွဲပို့လာပါတယ်။

ပုံစက်မှာ ဒီလိုမြင်နေရပါတယ်။

Ubuntu 10.04 တွင် ဇော်ဂျီဖွန့် Install ပြုလုပ်နေစဉ်အတွင်း Error ပြခြင်း

Ubuntu 10.04 တွင် ဇော်ဂျီဖွန့် Install ပြုလုပ်နေစဉ်အတွင်း Error ပြခြင်း

ကိုမောင်မောင်ပြည့်ဖြိုး စက်မှာ ဖြစ်နေတာကို ရှင်းမပြတော့ပဲ အလွယ်ဆုံးနည်းကို လမ်းညွှန်ဖော်ပြ ပေးပါမယ်။

zawgyi_keyboard-0.3.3.tar.gz

အခု ဖော်ပြတဲ့ ဇော်ဂျီဖွန့် သွင်းနည်းကို ရေးသားသူကတော့ box02

(thebox02 @gmail.com) ဖြစ်ပါတယ်။

အဆင့် ၁။ အပေါ်လင့်ကနေ ဇော်ဂျီဖွန့်ကို Download လုပ်ပါ။

အဆင့် ၂။ နောက် Download လုပ်လို့ ရတဲ့ ဖိုင်လေးကို Desktop ပေါ်မှာ တင်ထားပါ။

အဆင့် ၃။ Terminal ကိုဖွင့်ပါ။

အဆင့် ၄။ $ cd ~/Desktop  ကို ပထမဆုံး ရိုက်ထည့်ပါတယ်။

အဆင့် ၅။ $ ls ကို ရိုက်ထည့်ပါမယ်။ (အယ် အက်စ် ဖြစ်ပါတယ်။)

အဆင့် ၆။ $ tar xzf zawgyi_keyboard-0.3.3.tar.gz

အဆင့် ၇။ $ ls

အဆင့် ၈။ $ cd zawgyi့

အဆင့် ၉။ $ sudo python zawgyi_keyboard.py

နောက်ဆုံး Command တွေအလုပ် လုပ်ပါလိမ့်မယ်။

သင့်အနေနဲ့ လိုအပ်တာကို လိုက်လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ ဖွန့်အင်စတော လုပ်ရန် i

ကို ရိုက်ထည့် ပေးရလိမ့်မယ်။ နောက်ဆုံး Terminal ကို ပြန်ပိတ်ရန် q ကို ရိုက်ထည့်ပေးရပါမယ်။

——–

အပေါ်က ရေးထားတဲ့ အဆင့်များ သိပ်ပြီး ပြည့်စုံမှု မရှိပါဘူး။

ဒီဖိုင်ကို Download လုပ်ပြီး သေချာဖတ်ပြီး Install လုပ်စေချင်ပါတယ်။ စာလုံးများ အသေးအကြီး အစစ

သတိထားပြီး သေချာ ရိုက်စေချင်ပါတယ်။ ကျနော် ကတော့ Ubuntu 9.10 မှာရော 10.04 မှာပါ အခုနည်းနဲ့

အဆင်ပြေစွာ Install လုပ်ဖြစ်ခဲ့ပါတယ်။

————

Ubuntu အတွက် မြန်မာဖွန့်သွင်းနည်းများ ဖော်ပြထားတဲ့ ဆိုဒ်များကို အောက်မှာ ဖော်ပြထားပါတယ်။

http://code.google.com/p/zawgyi-keyboard/downloads/list?q=label:Featured

http://box02.my-mm.org/2010/02/ubuntu-linux.html

Ko Pye Aye ၏ C-Box မှမေးခွန်းသို့ ဖြေကြားခြင်း

April 17th, 2010

C Box မှာအခုလို မေးလာတဲ့

ko pyeaye: ubuntu 9.10 ကို windows7 မှာစမ်းတင်တာ အသံထွက်မလာဘူးဖြစ်နေတာကူညီနိုင်မလာမသိဘူး
17 Apr 10, 09:27 PM
ko pyeaye: windows 7 မှာ စမ်းသုံးကြည့်တယ် အသံမထွက်ဘူး
17 Apr 10, 09:26 PM
ko pyeaye: ubuntu ကို စမ်းသုံးကြည့်တာ ၉ရက်လောက်တော့ရှိပြီ

———

Ko Pye Aye ခင်ဗျား

http://get.adobe.com/flashplayer/otherversions/ အခုလင့်ကနေ Flash Player ကို Linux အတွက် ရွေးပြီး Download ပါ။ အလွယ်ဆုံးက deb နဲ့ ဆုံးတဲ့ Package ကို Download လုပ်ပါ။ နောက် Double Click လုပ်ပြီး Install လုပ်ပါ။

ကျနော် ကိုယ်တိုင် Window 7 မှာ တွဲမတင်ထားသောကြောင့် စမ်းကြည့်လို့ မရပါ။ Window XP မှာတော့ အဆင်ပြေပါတယ်။

စမ်းကြည့်ပါ။ အဆင်မပြေရင် C Box မှာ လိုတာ ပြန်ပြောပါ။

ထပ်ရေးပေးပါ့မယ်။

မြန်မာဦးဘွန်းတူး တံဆိပ်

April 5th, 2010

ဦးဘွန်းတူး မသုံးသေးတဲ့ သူငယ်ချင်း ပန်းချီဆရာ အောင်လတ်မှ ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာဦးဘွန်းတူး တံဆိပ်အဖြစ် ပုံသေသုံးစွဲသွားဖို့ပါ။ လုပ်ပေးဖို့ ပြောထားတာတော့ ကြာပါပြီ။ ဒီနေ့ ရာသီဥတုကလဲပူတော့ နားပူပါ မခံနိုင်တော့လို့ လုပ်ပေးလိုက်တာပါ။

myanmar_ubuntu_logo
မြန်မာဦးဘွန်းတူးတံဆိပ်

Ubuntu Desktop 10.04 ထပ်မံထွက်ရှိ

April 1st, 2010

၆ လပြည့်တိုင်း ဗားရှင်း အသစ်တစ်ခု ထုတ်လုပ်ပေးမည်ဟု ဂတိပေးထားသော Canonical ကနေ နောက်ထပ် ဦးဘွန်းတူး ဗားရှင်း အသစ်တစ်ခုကို Beta 1 အဖြစ်ထုတ်လုပ် လိုက်ပြန်ပါပီ။

အမှားမခံနိုင်တဲ့စက်များအတွက် Upgrade မလုပ်ဖို့သတိပေးထားပါတယ်။ နောက်ဆုံး Alpha ဗားရှင်းကို ဧပြီလ ၂၉၊ ၂၀၁၀ မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Upgrade လုပ်မဲ့သူများအောက်ပါအတိုင်း အဆင့်လိုက်ပြုလုပ်သွားနိုင်ပါတယ်။

၁။ Alt+F2 ကိုနှိပ်ပါ။ (Run Application) ပရိုဂရမ်လေးပွင့်လာပါမယ်။
၂။ အဲဒီအထဲမှာ update-manager -d ကို ရိုက်ထည့်ပီး Run ကိုနှိပ်ပါ။
၃။ Update Manager ပရိုဂရမ် ပွင့်လာပါမယ်။
၎။ နောက်ဆုံးအဆင့်မှာ New Ubuntu release “10.04″ is available ဆိုတာလေးပေါ်လာပီး ဘေးမှာ Upgrade ဆို
လေးမြင်ရပါလိမ့်မယ်။ အဲဒါလေးကိုသာ နှိပ်ပီး Upgrade လုပ်ကြပါတော့။

အင်တာနက် မရှိသူများကတော့ နောက်ဆုံးဗားရှင်းထွက်မှ စီဒီမှ Upgrade လုပ်ကြဖို့ အကြံပြုချင်ပါတယ်။

Server  အတွက် Upgrade လုပ်မယ်ဆိုရင်တော့ http://www.ubuntu.com/testing/lucid/beta1 ဒီနေရာမှာသာ ကြည့်ပီးဆက်လုပ်ကြပါတော့ Server ကတော့ ကျနော့်မှာ အတွေ့အကြုံမရှိလို့ပါ။

ဗားရှင်းအသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။

ထွန်းထွန်းအောင်

Ubuntu Software Center

March 11th, 2010

screenshot1

Ubuntu 9.10 သုံးနေတဲ့ သူငယ်ချင်းတွေကို အပေါ်ပုံမှာ ပြထားတဲ့ Ubuntu Software Center ဆိုတဲ့ ပရိုဂရမ်လေးကို သုံးကြည့်စေချင်ပါတယ်။ ပရိုဂရမ်တစ်ခုကို အင်စတောလုပ်ရတာ၊ ရီအင်စတော ပြန်လုပ်တဲ့နေရာတွေမှာ အရမ်းအဆင်ပြေပါတယ်။

ကျနော့်ကို မကြာခဏ ဂျီတော့မှာ သူငယ်ချင်းတွေ မေးလေ့ရှိကြပါတယ်။ ရုပ်ရှင်ကြည့်မရလို့၊ အသံမကြားလို့၊ Scribd ကိုမမြင်ရလို့၊ စသည့်ဖြင့် မေးကြပါတယ်။ အမှန်ကတော့ လိုအပ်တဲ့ Plugin တွေမပြည့်စုံလို့ ဖြစ်ပါတယ်။ အခုပုံမှာပြထားတဲ့ Ubuntu Software Center လေးနဲ့ လိုအပ်သမျှ Plgin တွေကို ရှာယူနိုင်ပါတယ်။ အားလုံး ဦးဘွန်းတူး အသုံးပြုပီး အဆင်ပြေနိုင်ကြပါစေ။

Document Freedom Day

March 8th, 2010

2010-leaflet-bw-front

2010-leaflet-bw-back

First Anniversary of MUUG

March 1st, 2010

ကျနော်တို့ရဲ့ မြန်မာဦးဘွန်းတူး အသုံးပြုသူများ အဖွဲ့ (MUUG) ဒိုမိန်းလိပ်စာ ဝယ်ယူထားသည့် သက်တမ်းတစ်နှစ်ပြည့်ခဲ့ပါတယ်။ နောက်တစ်နှစ် Extension

ထပ်လုပ်ထားပါတယ်။  www.ubuntu-myanmar.org ဆိုဒ် အပြင် www.forum.ubuntu-myanmar.org နှင့် www.ubuntu-myanmar.ning.com ဆိုဒ်များ သို့လည်း

သွားရောက်နိုင်ပါတယ်။ ဤဆိုဒ်လေးအား ကျနော့်ကိုယ်ပိုင်ဆိုဒ်အဖြစ် လုံးဝ မယူဆထားပါသောကြောင့် ပါဝင်ရေးသားလိုသူများ၊ အကြံဥာဏ်ပေးလိုသူများ၊

ပါဝင်ဆောင်ရွက်လိုသူများအား လေးစားစွာ ဖိတ်ခေါ်ပါတယ်။

TUN TUN AUNG

tuntunaung.myanmar@gmail.com

Linux Nano 2010 Event

January 30th, 2010

Dear All,

We are planning to hold a small and friendly Linux event in Yangon on 13 Feb 2010 Sat at Myanmar Info-Tech Room 205. The objective is to promote the awareness and share knowledge of Linux and open source information to fellow IT professionals, students, interested home computer users and businesses. The agenda is below.

- 09:30AM : Presentation
- 10:15AM : Short Break and Networking Session
- 10:30AM : Presentation
- 11:30AM : Demo + Open Discussion

Our speakers will be Ko Ravi and Ko Ngwe Tun and we will update the titles of their presentation later. The demo will be mainly to show the usage of Linux desktop systems with some useful software and utilities for everyday use including web surfing, office documents handling, multimedia, system management, business applications, etc.

Thanks,

Jake and Linux Team

ဒီနေရာမှတစ်ဆင့် ပြန်လည်မျှဝေပါသည်။